သံတွဲ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အသိပညာပေးသရုပ်ပြခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် မဇင်နှင့် မြပြင်ရပ်ကွက်တို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင် သံတွဲမြို့နယ် အမှတ် ၂၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဉာဏ်မင်းကိုကိုက မှုခင်းကျဆင်းရေးအတွက် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများလိုက်နာရန် စည်းကမ်းများ၊ ခြေလျင်သွားလာသူများ လမ်းဖြတ်ကူးသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခြင်း၊ ယာဉ်မတော်တဆမှု ဖြစ်ပွားလာလျှင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)