Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တီးတိန်မြို့နှင့် ဖလမ်းမြို့များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 19,2022
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် အနောက်မြောက်တိုင်း စစ်ဌာ နချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက တီးတိန်ခရိုင်၊ တီးတိန်မြို့သို့ ရောက်ရှိကြပြီး နယ်မြေခံတပ်ရင်းခန်းမ၌ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၊မဒေါ့ကုန်းကျေးရွာတွင် စပ်မျိုးနေကြာ ပေးအပ်ပွဲနှင့်မျိုးစေ့ချစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Nov 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်း ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးစေ့ ချစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရုံးပင်ကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ၊ ကွင်းအမှတ် ၈၃၀ B၊ ဦးပိုင် ၅၅/၃ ရှိတောင်သူ ဦးမြင့်အောင်၏ နေကြာစိုက်ပျိုးရန် စပ်မျိုးနေ ကြာ(ဆင်းရွှေကြာ)-၂(၁၀)ဧကအနက်(၄)ဧကတွင် စပ်မျိုးနေကြာ တစ်ဧက(၃)ပြည်နှုန်းပေး အပ်ပွဲနှင့်မျိုးစေ့ချစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂) ဖွင့်လှစ်
Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ကြက်ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးသူနာပြု အခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကို ယမန်နေ့မွန်းလွဲပိုင်းက ကလေးဝတောရ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ် ဇင်ယော် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူငယ်များဘက်စုံဖွံဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် ဇင်ယော်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့မွန်လွဲ(၂)နာရီတွင် ကမာရွတ်မြို့နယ်ဇင်ယော် ကိုယ်ပိုင်အထက်တန်းကျောင်း အင်ကြင်းမြိုင်ခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့ရုပ်မြင်သံကြား၌ “တူယှဉ်နွဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ဒုတိယအဆင့် ( Level – 2) ဖွဲ့စဉ်(၁၂) ကျင်းပ
Nov 19,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကိုရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှစတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ်သောကြာနေ့ ညတိုင်းကျင်းပလျက် ရှိရာ ဒီဇင်ဘာ ၃၀ရက်အထိဆက်လက်ကျင်းပမည်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ အရှည်ပေ (၅၉၀) မဂွေဇတံတားဖွင့်လှစ်၊ နောင်မွန်မြို့နယ်အတွင်း ကဆန်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကွင်းဆင်…
Nov 19,2022
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသည့် နောင်မွန် မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ကို ချိတ်ဆက်ထားသော မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခ ချောင်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တည်ဆောက်ထားပြီးစီးခဲ့သည့် တံတား အမှတ် (၂/၁) မဂွေဇတံတား အရှည်ပေ ၅၉၀ ပေ(၁၈၀ စင်တီမီတာ) တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီက အဆိုပါ တံတား၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ "မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centerခန်းမ၌ ယမန်နေ့နံနက်ပိုင်းက "မိုဘိုင်းဖုန်း ဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သတင်းလုပ်ငန်းဆောင်ရွက်သည့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလည်ကျေးရွာတွင် စစ်ကြောင်းကြီး(၅)ကျောင်းဖြင့် ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆွေးနွေး၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ကျန်းမာရေးစောင့်ရှေ…
Nov 19,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျေိာက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စစ်ကြောင်းကြီး(၅)ကျောင်းဖြင့် ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းများကို၊ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန် က ဒေါင်းလည်ကျေးရွာအုပ်စု၊ ဒေါင်းလည်ကျေးရွာ သစ္စာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13924
Page
13925
Page
13926
Page
13927
Current page
13928
Page
13929
Page
13930
Page
13931
Page
13932
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department