ဂွ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဂွချောင်းတံတားဖွင့်ပွဲပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဒီဇင်ဘာလ (၂၀)ရက်နေ့နောက်ပိုင်းနှင့် ဇန်နဝါရီလ(၁)ရက်နေ့အတွင်း ဂွချောင်းတံတား ဖွင့်လှစ်နိုင်ရေးလျာထားဆောင်ရွက်ထားကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အဆင့် အကြီးအကဲများနှင့် ပြည်ထောင်စု/ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ လာရောက်မည်ဖြစ်သဖြင့် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ခေါ်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် လုံခြုံရေးကိုသတိထားဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တံတားဖွင့်ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ကော်မတီများကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး အောင်အောင်မြင်မြင် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဂွချောင်းတံတားဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ တံတားအထူးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေမြင့်ဥ္ဇူထွန်းက ဖွင့်ပွဲလိုအပ်ချက်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်