အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်‌ချေးပေးလျက်ရှိရာ ယမန်‌‌နေ့ထိ (၁၂၈၆၀၀၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၁၉-၂၀၂၀/ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဈေးမီးဘေးလုံခြုံရေးစစ်‌ဆေးရေးအဖွဲ့မှ စစ်ကွင်း ဈေးအတွင်း မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက် ၈ နာရီကစ၍(၃၀)ရပ်ကွက်၊ သခင်ဗဟိန်းလမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။
Nov 25,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အ.ထ.က(အုန်းနှဲ)ကျောင်း၌ ကျင်းပခဲ့သည်။
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ၌ တွံတေးမီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင်