တွံတေး နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ၌ တွံတေးမီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်ခြင်းမှသည် အောင်ပွဲဆီသို့ ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လေ့ကျင့်ရေးနှင့် ကင်းကွာလို့မရတဲ့အတွက် အမြဲလေ့ကျင့်သွားကြဖို့ လိုအပ်သလို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာပြည်သူလူထု လေးစားယုံကြည် အားကိုးရသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊
သာသနာရေးများတွင် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းအမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးဦးက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းမှ တပ်ဖွဲ့ဝင်သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် မီးသတ်ဝတ်စုံများပေးအပ်ရာသင်တန်းသားများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို နိုဝင်ဘာ(၁)ရက်နေ့မှ နိုဝင်ဘာ(၂၅)ရက်နေ့အထိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ငြိမ်းအောင်အပါအဝင်(၃)ဦးတို့မှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးအား တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
တွံတေးသား