မင်းလှ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဈေးမီးဘေးလုံခြုံရေးစစ်ဆေးရေးအဖွဲ့မှ စစ်ကွင်းဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဈေးအတွင်း မီးအသုံးပြုသောသူများအား မီးကိုစနစ်တကျသုံးစွဲရန်၊ ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ ထားရှိသည့်အခြေအနေ၊ မီးဘေးလုံခြုံရေးအတွက်ထားရှိသော ရေကန်၊ မီးချိတ်၊ မီးကတ်တို့ကို ကြည့်ရူ့စစ်ဆေးပြီး၊ မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး အသိပညာပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)