အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ တည်းခိုရိပ်သာများသို့  မီးဘေးကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီ အချိန်က လုပ်ဆောင်ခဲ့ကြသည်။
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့်ဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြစ်သားမြို့နယ် အနောက်သပြေသာကျေးရွာ အုပ်စု၊ အနောက်သပြေသာကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နဂါးနှစ်ကောင် (ကျောင်းလုံ) ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
Nov 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ဒေသမျိုးစပါးဖြင့် စိုက်ပျိုးသည့် တောင်ယာစပါး စတင်ရိတ်သိမ်း လျက်ရှိကြောင်း သိရသည်။
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈) ရပ်ကွက်၊ ရွှေကြက်ဖမီးပွိုင့်အနီး အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 25,2022
လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်‌​စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍  လူငယ်စကားဝိုင်းကို ပြင်ဦးလွင်မြို့ အထက(၄)၌​ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရမည်းသင်း မူလတန်းကြိုခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အမျိုးသမီးများအပေါ် အကြမ်ဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား/မအခြေပြု အကြမ်ဖက်မှု( GBV) အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။