အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဌေးသန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုစုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မှရိုးကျေးရွာအုပ်စု၊ ကံသစ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 25,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာ​ကော်မတီ ဥက္ကဋ္ဌဦးမြင့်စိုး နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်လွင်ဦးနှင့် တိုင်း၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေးများကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိကျေးလက်တောင်သူများ မိုးနှောင်းနှမ်းခေါ် ဆောင်းဦးနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ် ထွန်းနေကြောင်း ကတောကျေးရွာ ဦးမြင့်ဇော်ကပြောကြားသည်။ အဆိုပါ မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်းစိုက်ပျိုးသည့် တောင်သူများ သည် မိုးဦးမိုး လယ်တွင် ဘာသီးနှံမှမစိုက်ပျိုးပဲထားကာ မြေအမြဲထွန်ရေး ညက်အောင်ထွန်ထားပြီး ပေါင်းမြက် များပေါက်လာတိုင်း ထွန်ယက်ပေးနိုင်မှသာ ဆောင်းဦးနှမ်းကြဲပက်စိုက်ပျိုးချိန် ပေါင်းမြက်များ ကင်းရှင်းပြီး နှမ်းပင်များကောင်းလာကြောင်း သိရသည်။
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍ နိုဝင်ဘာလ (၁၄) ရက်မှ (၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု‌ မွေးမြူ‌ရေးနှင့်ကုသရေးလုပ်ငန်း သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 25,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊  မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲဝန်းကျင်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။