ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကန့်ဘလူ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေးများကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ်နှင့်အ ထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ် နှင့်ထပ်ဆောင်းကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေအလိုက် ထိုးနှံရမည့်သူများအား စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံပေးသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို တနင်္လာနေ့မှ သောကြာနေ့ အထိ နေ့စဥ်နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ပထမအကြိမ် ၅ ဦး၊ ဒုတိယအကြိမ် ၃ ဦးနှင့်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံသူ ၁၄ ဦး စုစုပေါင်း ၂၂ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)