အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီက ပိုးတန်း ရပ်ကွက် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီခန့်မှစ၍ ကျေးရွာများရှိ နေကြာသီးနှံ စိုက်ပျိုးသည့် တောင်သူ များအား တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဖားလက်ခိုကျေးရွာအုပ်စုတောင်မရိုး ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက်ခဲ့ကြသည်။
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဒေသနေ ပြည်သူများနှင့် ကျောင်းသား/သူလူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ပြည်သူများအား စားသုံးဆီနှင့်ကြက်ဥ များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ လူငယ်ရေးရာကော်မတီနှင့် စက်မှုလယ်ယာဦးစီးဌာနတို့က ဖွင့်လှစ်သည့် တစ်လုံးထိုးအင်ဂျင်(ဒီဇယ်) ပြုပြင်ထိန်းသိမ်းခြင်း (အခြေခံ)သင်တန်း အမှတ်စဥ် (၅/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုခဲ့ကြောင်း သိရသည်။
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။