ကျောက်မဲခရိုင်ရုံး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဝန်ထမ်းများက ကျောက်မဲမြို့ အ.လ.က (ခွဲ) အ.မ.က (၉) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ကျောက်မဲ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျောက်မဲမြို့၊ အ.လ.က(ခွဲ) အ.မ.က(၉) ကျောင်းတွင် စာဖတ်ဝိုင်းနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကွင်းဆင်းဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သုတ၊ ရသ၊ ကာတွန်းစာအုပ်များနှင့် ရုပ်ပြ အစရှိသော စာအုပ်များဖြင့် အ.လ.က (ခွဲ) အ.မ.က (၉) ကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ရုပ်ပြ၊ ကာတွန်း၊ ပုံပြင်စာအုပ်များ အချိန် ၁ နာရီပေး၍ ကြည့်ရှုစေခြင်း၊ မူလတန်း ကလေးသူငယ်များ စာအုပ်စာပေနှင့်ရင်းနီးစေရန် ကလေးသူငယ်များစိတ်ဝင်စားမည့် ပုံပြင်များကိုလဲဖတ်ပြခြင်း မှတ်ဉာဏ်ဂိမ်း ကစားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်   အကြောင်းအမျိုးမျိုး ကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်သား၊ ကျောင်းသူများအတွက် ၂ ပါတ်တစ်ကြိမ်နှုန်းဖြင့်  နယ်လှည့်စာကြည့် တိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)