ညောင်ဦး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိကျေးလက်တောင်သူများ မိုးနှောင်းနှမ်းခေါ် ဆောင်းဦးနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ် ထွန်းနေကြောင်း ကတောကျေးရွာ ဦးမြင့်ဇော်ကပြောကြားသည်။ အဆိုပါ မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်းစိုက်ပျိုးသည့် တောင်သူများ သည် မိုးဦးမိုး လယ်တွင် ဘာသီးနှံမှမစိုက်ပျိုးပဲထားကာ မြေအမြဲထွန်ရေး ညက်အောင်ထွန်ထားပြီး ပေါင်းမြက် များပေါက်လာတိုင်း ထွန်ယက်ပေးနိုင်မှသာ ဆောင်းဦးနှမ်းကြဲပက်စိုက်ပျိုးချိန် ပေါင်းမြက်များ ကင်းရှင်းပြီး နှမ်းပင်များကောင်းလာကြောင်း သိရသည်။
နှစ်တိုင်း စက်တင်ဘာလအတွင်းမိုးရွာသွန်းပါက မိုးနှောင်းနှမ်းကြဲပက်စိုက်ပျိုးထားကာ အောက်တိုဘာလလောက်တွင် အပင်များဖြစ်ထွန်းအောင်မြင်နေကြောင်း နှမ်းစိုက်ပျိုးတောင်သူများက ရှင်းပြသည်။ ဆောင်းရာသီဝင်ရောက်လာလျှင် ဆောင်းတွင်းအအေးဓာတ်ဖြင့် ဆက် လက်ကာ အပင်များဖွံ့ဖြိုးနေမည်ဖြစ်ကြောင်း၊ ဆောင်းဦးနှမ်းသည် အဖူး၊အပွင့်တင်ကာ အသီးနှင့်စေ့အောင်မြင်ကြောင်း၊ နိုဝင်ဘာလတွင်နုတ်ယူ သိမ်းဆည်း နေပြီဖြစ်ကြောင်းသိရသည်။
မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်းခေါ်သော်လည်း မိုးဦးကျတွင်စိုက်ပျိုးကြဲပက်သည့် နှမ်းကြီးပင်ဖြစ်ကာ အောက်ညဉ့်ကျေးရွာ၊ အနောက်ပုလင်းကျေးရွာ၊အရှေ့ပုလင်းကျေးရွာ၊ သူကောင်းတည်ကျေးရွာ၊ သစ်ထောင့်တောင်ကျေးရွာ၊ လက်ပံခြေပေါ်ကျေးရွာ၊ ကတောကျေးရွာနှင့်ဖျောက်ဆိပ် ပင်ကျေးရွာ၊ တောင်ဘကျေးရွာ၊ တောင်ရှေ့ကျေးရွာ၊ တက်မကျေးရွာ၊ အုတ်လှေကားကျေးရွာ၊ ပြွန်ကျေးရွာများသည် မိုးနှောင်းနှမ်းခေါ်ဆောင်းဦးနှမ်း စိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကာ နှမ်းများရာနှုန်းပြည့်နီးပါးအောင်မြင်နေကြောင်း သိရသည်။
ကိုကြေးမုံ