အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က ကျက်ဆူတောတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိစျေးများ မီးလောင်မှု၊ မီးလန့်မှု မဖြစ်စေရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သဲကုန်းမြို့မစျေး အတွင်းအပြင်ဆိုင်ခန်းများတွင် မီးဘေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင်ကျေးရွာမှာ အဲန်လူမျိုး အများစုနေထိုင်ကြပါတယ်။ အဲန်လူမျိုးများဟာ အနက်ရောင် ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်၍ ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြပြီး သွားမည်းမှ လှတယ်လို့ ယူဆကြတဲ့အတွက် သူတို့ရဲ့သွားတွေကို မည်းနေအောင်ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးများဖြင့် ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးများ၏ ရှေးကြတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိက ဆွဲဆောင်နေပါတယ်။
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းက မကြီးထုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၅၀ သန်းဖြင့် ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ နောင်ဘိုကန် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရန် ရောက်ရှိနေစဉ်  နိုဝင်ဘာ ၂၁ ရက်က ညောင်ဦးမြို့နယ်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ မြစ်ရေတင်လုပ်ငန်းများနှင့် စိုက်ပျိုးရေးသုတေသနခြံနေရာသို့ သွားရောက်ခဲ့သည်။