အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ ခေါင်းဆောင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

အုတ်ဖို နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က ကျက်ဆူတောတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အ.လ.က ကျက်ဆူတော ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူကာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က လူငယ်ရေးရာခေါင်းဆောင်မှု ဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေး ဟောပြောသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ