အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ၊ မြို့နယ်ပညာရေးဌာန နှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူးကျင်းပသော Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၁ ရက်နေ့လည် ၂ နာရီ ခွဲ က အမှတ်(၂)ရပ်ကွက်၊ အထက (နမ့်စန်) ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၉) အခြေခံပညာ အထက်တန်း ကျောင်းစာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက မိုဘိုင်းစနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာ‌စောင်များ ငှားရမ်း‌ပေးခြင်းကို ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Nov 23,2022
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သရွဲကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဝင်လမ်းကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပံ့ငွေ ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၅ သန်းဖြင့် ကွန်ကရစ်လမ်း အလျား ၆၁၅ ​ ပေ၊ အကျယ် ၇ ပေ ၊ ထု ၆ လက်မ ဆောက်ရွက်လျက်ရှိကြသည်။
Nov 23,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေ‌ဆွေးနွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ သည်။
Nov 23,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။
Nov 23,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး ကျန်းမာရေး စီးပွားရေး လူမှုရေးနှင့် အခြားသော အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများစာဖတ်ရှိန် မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်ကာ မိသားစု ဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး ထိုသို့ မွေးမြူလုပ်ကိုင်ရာ၌ ကျွဲ၊ နွား တိရစ္ဆာန်အတွက် အဓိကလိုအပ်သော တိရစ္ဆာန်အစာ ဖူလုံစေရန် နေဗီယာမြက်စိုက်ပျိုးခြင်းကို အားထားလုပ်ကိုင်ကြကြောင်း သိရသည်။
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အ.ထ.ကကျောင်းတွင် ပညာသင်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် အဆိုပါ အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမတွင် စတင်းထိုးနှံပေးလျက် ရှိပါသည်။