Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုဆန်သည့် အဲန်လူမျိုးများ
Nov 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင်ကျေးရွာမှာ အဲန်လူမျိုး အများစုနေထိုင်ကြပါတယ်။ အဲန်လူမျိုးများဟာ အနက်ရောင် ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်၍ ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြပြီး သွားမည်းမှ လှတယ်လို့ ယူဆကြတဲ့အတွက် သူတို့ရဲ့သွားတွေကို မည်းနေအောင်ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးများဖြင့် ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးများ၏ ရှေးကြတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိက ဆွဲဆောင်နေပါတယ်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် မကြီးထုံးအုပ်စုနေကြာစိုက်တောင်သူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တွေ့ဆုံဆွေးနွေး
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းက မကြီးထုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၅၀ သန်းဖြင့် ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ နောင်ဘိုကန် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Nov 23,2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရန် ရောက်ရှိနေစဉ် နိုဝင်ဘာ ၂၁ ရက်က ညောင်ဦးမြို့နယ်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ မြစ်ရေတင်လုပ်ငန်းများနှင့် စိုက်ပျိုးရေးသုတေသနခြံနေရာသို့ သွားရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်း-ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီး
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဝမ်းတွင်း- ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့တွင် (Mask)များ အခမဲ့ ဝေငှ၍ ကျန်းမာရေးအသိပညာပေး ဆောင်ရွက်
Nov 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် (Mask)များ စနစ်တ ကျ တပ်ဆင်နိုင်ရေးအတွက် ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်က ပြည်သူများ အများဆုံးသွားလာရာနေရာများတွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13481
Page
13482
Page
13483
Page
13484
Current page
13485
Page
13486
Page
13487
Page
13488
Page
13489
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department