ဖြူး ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက ကျော်လှကြီး ကျေးရွာအုပ်စု၊ ကျော်လှကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်း၊ ဖြူးမြို့နယ် စားသုံးသူရေးရာစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုး၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း တို့က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာအကြောင်း၊ တိုင်းရင်းဆေးအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက် ကြကြောင်းနှင့်အခမ်းအနားအပြီးတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးခဲ့ကြ ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)