ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကောင်းမြတ်ထွန်းနှင့် တာဝန်ရှိသူတို့က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ထုတ်ကုန်အမျိုးအမည်၊ ကုန်စည်အမှတ်တံဆိပ်၊ ကုန်ပစ္စည်းအရွယ်အစားနှင့်အရေအတွက်၊ ထုတ်လုပ်သည့်နိုင်ငံ၊ တင်သွင်းသူအမည်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကာလကုန်ဆုံးရက်များပါရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နီထွန်းအောင်