မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအား ငလျင်ဘေးကြောင့် ပျက်စီးဆုံရှုံးသွားသည့် မိသားစုယင်လုံ အိမ်သာ၂၅ လုံးအတွက်ငွေသားများ ပေးအပ်

မြစ်သား ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအား ငလျင်ဘေးကြောင့် ပျက်စီးဆုံရှုံးသွားသည့် မိသားစုယင်လုံအိမ်သာ ၂၅ လုံးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ငွေသားများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ကျွန်းလှကျေးရွာအုပ်စု၊ ကျွန်းလှကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေး ရှင်း (IFRC)နှင့် အသင်းအဖွဲ့များ၊ မန္တ‌လေးမြို့အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းအဖွဲ့များ၊ ဖက်ဒရေးရှင်း(IFRC)မှ ဗြိတိန်နိုင်ငံသူ Ms.Nadia (PP No. KJ0714975)၊ ဂျပန်နိုင်ငံသား Delegate  Mr- HaJime(PP No.KJ) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC) (မြန်မာရုံး)မှ Senior Communication Officer ဦးအောင်ဝင်းကျော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်  အချိန်ပြည့် အမှုဆောင် ပါ‌မောက္ခဒေါက်တာမြသူ၊ ဒေါက်တာ ရီရီတင့်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးစည်သူတိုးညွှန့်၊ မြစ်သားမြို့နယ် ကြက်‌ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့် အသင်းဝင်များမှ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွား‌သော မိသားစုယင်လုံအိမ်သာ ၂၅ လုံးဖြစ်ပြီး တစ်အိမ်ထောင်လျှင် ယင်လုံအိမ်သာ ၁ လုံး တန်ဖိုးငွေ ရှစ်သိန်းကျပ် ငွေသားပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)