မြစ်သားမြို့နယ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကျောက်ဆည်တက္ကသိုလ်မှဆရာကြီး၊ ဆရာမကြီးများက သင်တန်းပို့ချ

မြစ်သား ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျာက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ  အောင်ချက်မြင့်မားရေးအတွက် ကျောက်ဆည်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက သင်တန်းပို့ချခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၂ နာရီက မြစ်သားမြို့ အနော်ရထာခန်းမနှင့် ကူမဲမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတို့၌ သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်တန်းပို့ချခြင်းကို မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျောင်းသား၊ကျောင်းသူ ၄၂၄ ဦးနှင့် ကူမဲမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ၅၂၆ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၉၅၀ ဦး နှင့်အထက်တန်း ဘာသာရပ်သင်ကြားသည့် ဆရာ၊  ဆရာမ ၉၂ ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ် ဆိုင်ရာ သိကောင်းစရာများကို ဖေဖော်ဝါရီ ၂၅ ရက်မှ ၂ ရက်နေ့အထိ သင်တန်းကာလ ၂ ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)