အမြို့မြို့အနယ်နယ်သတင်းများ

Jun 26,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုအေးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို သိခြင်းအားဖြင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်လွဲ (၁) နာရီအချိန်က တောရ (အ.လ.က) ကျောင်းနှင့် မြို့မ (အ.လ.က) ကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 26,2025
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကမူးယစ်ဆေးဝါးပြဿနာကိုကိုင်တွယ်ဖြေရှင်းရာ၌ ကျန်းမာရေးနှင့် တရားရေးဌာနကလည်း ပိုမိုပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ သည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့်ပြဿနာ တစ်ရပ်ဖြစ်သည်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကိုဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
Jun 26,2025
ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Jun 26,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့‌နယ်အတွင်းရှိ ပြည်သူများသွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရေးရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်ပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
Jun 26,2025
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် ဟိုတယ်ဇုန်များရှိရာ ပုဂံညောင်ဦးဒေသတွင် ဟိုတယ်များမှ အိုဇုန်းလွှာနှင့်ကမ္ဘာကြီးပူနွေးလာမှုအပေါ် သက်ရောက်မှုနည်းသည့် အအေးပေးဒြပ်ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့ Heritage Bagan Hotel အရိမန္ဒနခန်းမ၌ ကျင်းပခဲ့သည်။
Jun 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ် (၂) နာရီခွဲက အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုများအား ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။