ကလော ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ် (၂) နာရီခွဲက အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုများအား ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည် သဝဏ်လွှာကောက်နုတ်ချက်၊ နိုင်ငံတော်အစိုးရ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာဗျူဟာနှင့် နည်းဗျူဟာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် အသိပညာပေးရေးသားဖော်ပြထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းတို့အား ပြည့်စုံစွာထည့်သွင်း အသိပညာပေးထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)