ပခုက္ကူ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများသွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရေးရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်ပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စေတနာဝန်ထမ်းများပူးပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၁)၊ (၃)၊ (၁၂)ရပ်ကွက်များရှိလူနေအိမ်များ၊ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့်လူနေအိမ်များအား ရောဂါကာကွယ်ဆေးဖျန်းခြင်း၊ ရေတွင်း၊ ရေကန်၊ ရေပုံးများအား ဖုံးသွန်လဲစစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)