Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ် ပေါက်တပင်ကျေးရွာ၌ လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကျင်းပပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်…
Jun 27,2025
ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာရှိ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၆၃/၃-၄ ကြား ကွင်းအမှတ် ၄၄၄ဃ ဦးပိုင် ၁က/၁၊ တောင်သူ ဦးလွင်ဦး၏ လယ်မြေ ၁၀ ဧကအတွင်း ပျိုးထောင်ထားရှိသည့် ဆင်းသုခမျိုးအား တိုင်းဒေသကြီးထုတ် လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမျိုးဆွေ၀င်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ
Jun 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အမှတ်(၂) အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Jun 27,2025
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(ဝန်းသို)၊ မြတ်ဆရာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့ လူထူအခြေပြူဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jun 27,2025
မွန်ပြည်နယ် ကျိုက်မရောမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိူဌာနခန်းမ၌ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၂၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အ…
Jun 27,2025
(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရုံးများမှ ရဲတပ်ဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်
Jun 27,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြ…
Jun 27,2025
ရန်ကုန်တိုင်းဒေသကြီး(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် စင်းကွန်းကျေးရွာတွင်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Jun 27,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် စင်းကွန်း ကျေးရွာတွင် စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရသည်။ စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်ပါဝင်သည့် စင်းကွန်းကျေးရွာအုပ်စုတွင် ပဲတီစိမ်းသီးနှံ ၇၅ဧက၊ ဒါန်းတိုင်ကျေးရွာအုပ်စုတွင် ဧက ၅၀)၊ ရန်ဘက်လိုကျေးရွာအုပ်စုတွင် ဧက ၁၅၀၊ ပေတောကြီး ကျေးရွာအုပ်စုတွင် ၁၇၅ ဧက၊ ဘုံကွင်းကျေးရွာအုပ်စုတွင် ဧက ၄၀၊ ပန်းခွာ ကျေးရွာအုပ်စုတွင် ၂၀၇ဧက စုစုပေါင်း ၆၉၇ဧက စိုက်ပျိုးထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1242
Page
1243
Page
1244
Page
1245
Current page
1246
Page
1247
Page
1248
Page
1249
Page
1250
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department