ကျောက်ဆည်မြို့နယ် စင်းကွန်းကျေးရွာတွင်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇွန်  ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် စင်းကွန်း ကျေးရွာတွင် စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရသည်။

စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်ပါဝင်သည့် စင်းကွန်းကျေးရွာအုပ်စုတွင် ပဲတီစိမ်းသီးနှံ ၇၅ဧက၊  ဒါန်းတိုင်ကျေးရွာအုပ်စုတွင် ဧက ၅၀)၊ ရန်ဘက်လိုကျေးရွာအုပ်စုတွင် ဧက ၁၅၀၊ ပေတောကြီး ကျေးရွာအုပ်စုတွင် ၁၇၅ ဧက၊ ဘုံကွင်းကျေးရွာအုပ်စုတွင် ဧက  ၄၀၊ ပန်းခွာ ကျေးရွာအုပ်စုတွင် ၂၀၇ဧက စုစုပေါင်း ၆၉၇ဧက  စိုက်ပျိုးထားကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံသည် စိုက်ပျိုးရာတွင် ပေါင်စနစ်ဖြင့်စိုက်ပျိုးပါက ရေသွင်းရေထုတ် လိုအပ်သလို ပြုလုပ်နိုင်သဖြင့် အပင်ဖြစ်ထွန်းမှုနှင့် အသီးထွက်နှုန်းပိုမိုသေချာကြောင်း၊  ခူးဆွတ်ရာတွင်လည်း ငါးရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး အပင်အပြုအစုနှင့်ရာသီ၌တုအပေါ်မူတည်၍ ပဲတီစိမ်းတစ်ဧကလျှင် တင်း၂၀မှ ၃၂တင်းအထိ ထွက်ရှိကြောင်း ပဲတီစိုက်တောင်သူ  ဦးမြင့်ကျော်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)