လွိုင်လင် ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အမှတ်(၂) အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးဖြိုးအေးမှ ဆုံးမသြဝါဒစကားနှင့် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့၏ အမည်စာရင်းများကြေညာ၍ ကျောင်းအုပ်ကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများပေးအပ်ခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံးကတိသစ္စာခံယူခဲ့ကြပါသည်။
ယင်းနောက် နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆို၍ ကျောင်းကောင်စီအဖွဲ့များအား လှည့်လည်ပြသကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)