ညောင်ဦး ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၆၉ စင်တီမီတာခန့်လိုကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီအချိန် တိုင်ထွာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၅၂ စင်တီမီတာလိုကြောင်း၊ ယနေ့ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၁၉၆၈ စင်တီမီတာရှိနေကာ တဖြည်းဖြည်းတက်လာနေကြောင်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေ အနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ် ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူထံက သိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေတိုင်းတာ ခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း စိုးရိမ်ရေမှတ် ရောက်ရှိရန်နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးတာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း