ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး၌ Popa Jungle Trail Run 2025 ပြိုင်ပွဲကျင်းပ

ညောင်ဦး ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ ပုပ္ပားတောင်မကြီးပေါ်နှင့်တောင်မကြီးတောင်ဘက်ခြမ်းတွင် Popa Jungle Trail Run 2025 ပြိုင်ပွဲ ကျင်းပခြင်းအား ယမန်နေ့ နံနက် ၅ နာရီမှစတင်၍ ခရီးကြမ်းအပြေးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

Popa Jungle Trail Run 2025 လမ်းကြမ်းအပြေးပြိုင်ပွဲတွင် ၅၀ ကီလိုမီတာ၊ ၂၅ ကီလိုမီတာ၊ ၁၅ ကီလိုမီတာတန်းပြိုင်ပွဲ သုံးမျိုး ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပုပ္ပားတောင် Champak garden ဟိုတယ်မှစတင်တာလွှတ်ပြီး ၅၀ ကီလိုမီ တာတန်း၌ အားကစားသမား(၂၆)ဦး၊ ၂၅ ကီလိုမီတာတန်းတွင် အပြေးအားကစားသမား(၉၃)ဦး၊ ၁၅ ကီလိုမီတာတန်းတွင် အပြေးအားကစားသမား (၁၁၉)ဦးပါဝင်ယှဉ်ပြိုင်ကြရာ ၁၅ ကီလိုမီတာခရီးကြမ်း အပြေးပြိုင်ပွဲ၊ ၂၅ ကီလိုမီတာခရီးကြမ်းအပြေးပြိုင်ပွဲ၊ ၅၀ ကီလိုမီတာခရီးကြမ်းအပြေးပြိုင်ပွဲတို့၌ ဆုရရှိသူများအား Champak garden Resort ဟိုတယ်၌ အခမ်းအနားဖြင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Popa Jungle Trail Run 2025 ခရီးကြမ်းအပြေးပြိုင်ပွဲတွင် ပြည်ပနိုင်ငံအပြေးအားကစားသမားများ၊ ပြည်တွင်းအပြေး အားကစားသမား (၂၃၈)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ ပုပ္ပားအုပ်စု၊ ပုပ္ပားကျေးရွာ မှစတင်၍ ပုပ္ပားတောင်မကြီးခရီးလမ်းကြမ်းတစ်လျှောက်မှသည် လက်ပံအိုင့်ကျေးရွာအုပ်စု၊ လက်ပံအိုင့်ကျေးရွာမှ ပုပ္ပားတောင်မကြီးတောင်မကြီးတောင်ဘက်ခြမ်းဖြစ်သည့် စလမိန်၊ မြေနီလွင်စပါးခင်း၊ ဂဲမိုးအိုင်၊ ငဝစမ်းရေထွက်၊ မြောက်ကျောက်အိုး၊ ဂဲကုန်း၊ ထန်းလယ်အိုင့်၊ ပေါက်ပင်အုင့်၊ ကြိုပင်လယ်ကျင်းနေရာများ ဖြတ်သန်း၍ ခရီးကြမ်းအပြေးပြိုင်ပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)