အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန် ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
Jun 29,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ)မှ ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
Jun 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ဂွေးချိုကျေးရွာ “ပညာအလင်းရောင်” စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ရာ  ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
Jun 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်‌၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးဝန်း‌ရှေ့တွင် ယမန်နေ့နံနက် (၉)နာရီက အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းခဲ့ကြောင်း သိရသည်။
Jun 29,2025
ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ့(၃)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၃၂)ကြိမ်မြောက် ခေမာရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲခမ်းအနားကို ယနေ့နံနက်က အာရုံခံတန်ဆောင်းတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင် ၃ ဦးလုကာ၊ အဖွဲ့ဝင်-၄ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
Jun 29,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီက မိုင်းဟဲကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Jun 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ခေတ်မီနည်းပညာများလက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့်AI ဉာဏ်ရည်ထုနည်းပညာပြန့်ပွားရေးလုပ်ငန်းကို ဇွန်လ ၂၉ ရက်နေ့က ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။