အထက်မင်းလှ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မတ်လ ၁၉ ရက်နေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မလွန်ကျေးရွာ၊ ကဒကျေးရွာနှင့် ရေခါးကျေးရွာများမှ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၃၅)လုံးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့နေ့လယ်(၂)နာရီက မလွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ခဲ့ရာ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် မလွန်ကျေးရွာမှ နေအိမ်(၂၄)လုံး၊ ကဒကျေးရွာမှနေအိမ်(၉)လုံး၊ ရေခါးကျေးရွာမှနေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၃၅)လုံးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိတို့က အိမ်ဆောက်ပစ္စည်းတန်ဖိုး (၄၇၅၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး(၂၉၁၉၀ဝိ/) စုစုပေါင်း(၇၆၆၉၀ဝိ/)တို့ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ ထံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)