ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ လစဥ်ပုံမှန်ထုတ်ပေး

ပင်းတယ မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိသည်။

ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဥ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း နံနက် ၉ နာရီမှ ဘဏ်ဖွင့်ချိန်အတွင်းလာရောက် ထုတ်ယူနိုင်၍ ပင်စင်လစာငွေများအား  မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့်  ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင် တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့် လစဉ်ပင်စင် လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား စုစုပေါင်း (၆၉၆)ဦးရှိကြောင်းလည်း သိရသည်။

အောင်ကိုဦး  (ပြန်/ဆက်)