လင်းခေးတွင် အခြေခံပညာထက်ဆင့်၊လယ် ဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လင်းခေး မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့် ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း  ပတ္တမြားခန်း မ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် လင်းခေးခရိုင် ပညာရေးမှူး ဦးညီညီက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သန်းသန်းဝင်းက သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီးနောက် ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။

သင်တန်းတွင် အခြေခံပညာထက်ဆင့်၌ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်နှင့် ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များအား ပို့ချသင်ကြားပေးပြီး၊ အလယ်တန်းဆင့်၌ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များနှင့် ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာသင် ခန်းစာများကို ပို့ချပေးသွားမည်ဖြစ်သည်။

ထက်ဆင့်သင်တန်းတွင် လင်းခေးမြို့နယ် မှသင်တန်းနည်းပြ(၄)ဦး၊ သင်တန်းသား ဆရာ(၆)ဦး၊ ဆရာမ(၇၅)ဦးစုစုပေါင်း(၈၁) ဦး၊ မောက်မယ်မြို့နယ်မှ နည်းပြ(၂)ဦး၊ သင်တန်းသား ဆရာ(၂)ဦး၊ ဆရာမ(၄၀)ဦးစုစု ပေါင်း(၄၂)ဦးနှင့် မိုင်းပန်မြို့နယ်မှ သင်တန်းသား ဆရာ()ဦး၊ ဆရာမ(၃၁)ဦးစုစုပေါင်း (၃၃)ဦးတို့တက်ရောက်ကြပြီး၊ အလယ်တန်းအဆင့်၌ လင်းခေးမှ နည်းပြ(၈)ဦး၊ သင်တန်းသား ဆရာ()၊ဆရာမ (၁၉)စုစုပေါင်း(၂၂)ဦး၊ မောက်မယ်မှ နည်းပြ(၁)ဦး၊ သင်တန်းသား ဆရာမ(၁၃)ဦးနှင့် မိုင်းပန်မြို့နယ်မှ သင်တန်းသားဆရာမ(၈)ဦး တို့တက်ရောက်ကြကာ၊ သင်တန်းကာလမှာ ()ရက်ကြာမြင့်မည် ဖြစ်ကြောင်း သင်တန်းတာဝန်ရှိသူထံမှ သိရ သည်။

စိုင်းဇော်လတ်(လင်းခေး)