ပင်းတယ မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community Centre ခန်းမ၌ နွေရာသီအခြေခံပန်းချီသင်တန်းကို ယမန်နေ့မွန်းလွဲအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၂၂)ဦးတက်ရောက်သင်ကြားပြီး၊ သင်တန်းကာလမှာ ၂၀-၃-၂၀၂၂ ရက်နေ့မှ ၅-၄-၂၀၂၂ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)