Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဋ္ဌိပထမပြန်စာမေးပွဲ ကျင်းပ
Mar 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဋ္ဌိပထမပြန်စာမေးပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသတွင် ဒရင်ကောက်ရွက်နုများ လှိုင်လှိုင်ပေါက်ရောက်နေပြီဖြစ်
Mar 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက်လျက်ရှိရာ ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဒရင်ကောက်ရွက်များ လှိုင်လှိုင်ပေါက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Mar 29,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၃ ခုနှစ် ပါဠိ ပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီက စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ/မ များ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းပို့ချ
Mar 29,2023
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမ များအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) နှင့် အ.ထ.က(ခွဲ) လ(၁) ကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ် မြို့နယ်၌ နွေရာသီအခြေခံ၊ အဆင့်မြင့်ဝူရှူးနှင့် ရိုးရာခြင်းလုံး အားကစားသင်တန်းများ သင်တန်းဆင်းပွဲကျင်းပ
Mar 29,2023
တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ် အားကစား သမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် နွေရာသီအခြေခံ အဆင်မြင့်ဝူရှူးနှင့် ရိုးရာခြင်းလုံး အားကစား သင်တန်းများကို အားကစားနည်းနှစ်မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ…
Mar 29,2023
ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင် တန်းများတက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) သင်တန်းခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ကစ္စည်းသဒ္ဒါကြီးဘာသာကို စုစုပေါင်း ၇၈ ပါး ဝင်ရောက်ဖြေဆို
Mar 29,2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ယနေ့တွင် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ ဒုတိယနေ့ ကစ္စည်းသဒ္ဒါကြီးဘာသာကို စုစုပေါင်း ၇၈ ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Mar 29,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့လယ်ဓမ္မာရုံသာသနဗိမ္မာန်တော်ကြီး၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11200
Page
11201
Page
11202
Page
11203
Current page
11204
Page
11205
Page
11206
Page
11207
Page
11208
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department