အုတ်တွင်း ဇွန် ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပဲခူးလမ်းရပ်ကွက် သာသနာ့ဝေပုလ္လ (သုသာန်)ကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး(Seeder)စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီက နိုင်ငံ့စီးပွားမြှင့်တင်ရေး(Seeder)စနစ်ဖြင့်မိုးစပါးစိုက်ပျိုးမည့် ပဲခူးလမ်းရပ်ကွက်နှင့်စျေးရပ်ကွက်မှ တောင်သူများအား ကြဲခင်းဧကလျှော့ချရေး၊စိုက်ခင်း (Drum Seeder) စနစ်တိုးတက်စေရေးနှင့်စပါးအထွက်နှုန်း ကောင်းစေရေးဆွေးနွေးပြောကြားသည်။ ထိုသို့စပါးအထွက်နှုန်း ကောင်းစေရေးဆွေးနွေးပြောကြားမှုအပေါ် ဒေသခံတောင်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများတက်ရောက်ဆွေးနွေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)