ကျောက်မဲမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်မဲ ဇွန် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊ မြိုကျက်သရေဆောင်ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်စို့"ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေရီမောင်းမြူးစံက ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် ဖြစ်ပေါ်လျက်ရှိသည့်ဆိုးကျိုးများ၊ ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက်များ၏ ဆွေးမြေ့ပျက်စီးရန်ကြာချိန်၊ ပလတ်စတစ်အမှိုက်လျော့ချရမည့် နည်းလမ်းများစသည့်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောက်မဲမြို့ပေါ်ရှိ အထက်တန်းကျောင်း ၄ ကျောင်းမှ  ကျောင်းသား/သူ(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)