အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးဌာနမှ ယနေ့နံနက်(၉) အချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။
Jun 13,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးလျက်ရှိရာ ဇွန်လ(၁၃)ရက်နေ့အထိ ကျေးရွာ(၁၃)ရွာမှ တောင်သူ(၆၄၉)ဦး စိုက်ဧက (၄၃၂၁) ဧကအတွက် ငွေကျပ်(၆၄၈၁)သိန်း(၅)သောင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Jun 13,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မြို့နယ်ဉပဒေတို့ပူးပေါင်း၍ ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
Jun 13,2023
ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအစဉ်ဆိုင်ရာ လူငယ်ကွန်ယက်သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော ကျောင်းသား တစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲ၌ ဗိုဗီနမ်အားကစားပြိုင်ပွဲတွင် တတိယဆုများရရှိခဲ့သော ကျောင်းသူတစ်ဦးတို့၏ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
Jun 13,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မြို့နယ်ဉပဒေတို့ပူးပေါင်း၍ ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 13,2023
ပြည်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် လိုင်းအပြစ်ဖြစ်ပေါ်မှု လျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများအဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
Jun 13,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့နယ်အဝင်၊ ဖောင်ဆိပ်တံတားရှိ မြို့အဝင်/အထွက်ဂိတ်နှင့် ဟိုပန်-နမ့်တစ် လမ်းဆုံနေရာများ၌ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးနိုင်ရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့သည်။