အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး‌ဦးစီးဌာနက စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
Jun 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်းရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မေလ ပထမပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 23,2023
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ် ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး သစ်တောဖုံးလွှမ်းမှု တိုးတက် လာစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှသစ်တော သစ်ပင်များ၏ တန်ဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓါတ်များ ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများအား ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းဝန်းအတွင်း၌ ၂၀၂၃-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ နည်းပြဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက  ဆောင်ရွက်ကြောင်း သိရသည်။
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သန့်ရှင်းလတ်ဆတ်သော ရေချို ငါးများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင် ရေးအတွက် မြို့နယ်အတွင်းရှိ အင်းဂရန်ကိုင်များ၊ ငါးမွေးကန်လုပ်ငန်းရှင်များ၊ အင်းလုပ်ငန်းရှင်များမှ ငါးရောင်းချ ပေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ သီရိရွှေသာစျေးရှေ့၌ ရောင်းချပေး ခဲ့ကြသည်။
Jun 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား လူငယ်လေးများ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း (၉) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေး ဟောပြောပွဲ ကျင်းပခဲ့ပါသည်။
Jun 23,2023
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ရှားပင်လှအုပ်စု၊ သြဇာကုန်းကျေးရွာတွင် မကွေးမြို့နေ ဦးထွန်းသန်း၊ ဇနီး ဒေါ်စိန်စိန် မိသားစုတို့က လှူဒါန်းသည့် စာသင်ကျောင်းဆောင်အပါအဝင် စာသင်ကျောင်းတစ်ကျောင်းတွင် ရှိသင့်သော ရေ၊ မီး၊ သန့်စင်ခန်းနှင့် ဆက်စပ်အဆောက်အအုံများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သြဇာကုန်း ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင် ဦးထွန်းသန်းနှင့် မိသားစုဝင်များ၊ သြဇာကုန်းကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။