သာပေါင်းမြို့နယ်၌ သန့်ရှင်းလတ်ဆတ်သော ရေချိုငါးများ စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

သာပေါင်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သန့်ရှင်းလတ်ဆတ်သော ရေချို ငါးများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အင်းဂရန်ကိုင်များ၊ ငါးမွေးကန်လုပ်ငန်းရှင်များ၊ အင်းလုပ်ငန်းရှင်များမှ ငါးရောင်းချ ပေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ သီရိရွှေသာစျေးရှေ့၌ ရောင်းချပေးခဲ့ကြသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကုန်စျေးနှုန်း ထိန်းညှိလျှော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိမ်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်း၍ စျေးရောင်း၊ စျေးဝယ်နေမှု အခြေအနေအား ကြည့်ရှုအားပေးကာ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်းဖြင့် ငါးပိဿာချိန်(၃၀)၊ အိမ်ထောင်စု(၆၀)တို့ကို ချိန်တွယ်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပြီး အခြေခံလူတန်းစားများ ငါးဖူလုံစွာ စားသုံးနိုင်ရေးအတွက် သက်သာချောင်ချိသော စျေးနှုန်းဖြင့် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်