သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး ဟောပြောပွဲပြုလုပ်

မင်္ဂလာဒုံ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေး ဟောပြောပွဲ ကျင်းပခဲ့ပါသည်။

ဟောပြောပွဲတွင် ကျောင်းသား၊ကျောင်းသူများသို့ တစ်ကိုယ်ရေ အသုံးပြုသည့် ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ပလတ်စတစ်အမှိုက်များကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများ၊ ပလတ်စတစ် အမှိုက်များကြောင့် မျိုးတုံးရမည့်အန္တရာယ်ရင်ဆိုင်နေရသည့် ရေနေ၊ ကုန်းနေသတ္တဝါများ၊ အမှိုက်များ စနစ်တကျ မစွန့်ပစ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေးအန္တရာယ် အခြေအနေများ၊ သဘာဝဘေးဆိုင်ရာကိစ္စရပ်များကြောင့် တစ်ဦးတစ်ယောက်ချင်းစီ စည်းကမ်းရှိရန်လိုအပ်ကြောင်း ကျောင်းအုပ်ကြီးမှ ဟောပြော‌ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲကို အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်း  Assembly ၌ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူအား လုံးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)