တိုက်ကြီး ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များပြသရာတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ဖမ်းဆိးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှုမှတ်တမ်းများကို အသိပညာပေးပြသထားရှိရာ ပြည်သူများကစိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်ပြီး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စာအုပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအသိပညာပေးစာအုပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ၊ စာဖတ်ပရိတ်သတ်များနှင့် စာပေချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှုကြသည်။
အလားတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့မြေစိုက်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအားပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ ဆက်)