ကျောင်းကုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြ စာအုပ်များကို ငှားရမ်းပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးသို့ လိုက်လံ ငှားရမ်း ပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)