Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်
Jun 30,2023
ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ ၊ကျေးရွာ ဥက္ကဋ္ဌများ ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲနှင့်မိုးနှမ်းဆီထွက်သီးနှံ(၅၀၁၆၅)ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်း
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တောင်သူများ၏လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော မိုးမြေပဲနှင့်မိုးနှမ်း ဆီထွက်သီးနှံ (၅၀၁၆၅)ဧကကို ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်အတွင်း (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 30,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန်လ (၂၇)ရက်နေ့က စတင်၍နိုင်ငံ့ဝန်ထမ်းများအား ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၍ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (နဝမ) အကြိမ်အဖြစ် အသင်းသား (၉၉) ဦးအား (၅၅၄) သိန်း ချေးငွေ ထုတ်ချေးပေး
Jun 30,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို (နဝမ) အကြိမ်အဖြစ် အသင်းသူ/ သား (၉၉) ဦးတို့အား ချေးငွေထုတ်ချေးပေးခြင်းကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် MPT ၏ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 30,2023
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်းစုပေါင်း သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့နံနက် ၈နာရီအချိန်က လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကိုကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး၊ သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက် တည့်တံ့ရေး၊ သက်ရှိလူသားများ၏ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြေရေးသာယာရေးကို အထောက်အကူပြုစေရေး ရာသီဥတု ပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က တလုတ္ထော်ကျေးရွာအုပ်စု၊ မူးလမန်းကျေးရွာ၊ အ.မ.က စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ် ပေါက်ပင်ကျေးရွာတွင်(နဝမ)အကြိမ်၊ မြစိမ်းရောင်ရန်ပုံငွေကျပ် ၄၆၅ သိန်းထုတ်ချေး
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပေါက်ပင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်သူများလိုအပ်သော အရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ စားဝတ်နေရေးပြေလည်စေရန်ရည်ရွယ်၍ (နဝမ)အကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ စရိတ် ပေးအပ်ပွဲ ကျင်းပ
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10614
Page
10615
Page
10616
Page
10617
Current page
10618
Page
10619
Page
10620
Page
10621
Page
10622
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department