မဟာအောင်မြေ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊မဟာမြိုင်ရပ်ကွက်(၂)၌ ယနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက်(၁၈)ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသော ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မဟာမြိုင်ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် မဟာအောင်မြေမြို့နယ် (၁၈)ရပ်ကွက်အတွင်းရှိ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီး တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်နေအိမ်များအတွက် သွပ်၊ ဘိလပ်မြေ၊ သံချောင်းနှင့် ငွေသားချက် လက်မှတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက မိသားစုဝင် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း