ရမည်းသင်း ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လူသစ်တန်း(အမျိုးသား/အမျိုးသမီး)စစ်တုရင်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၉ ရက် မှ ၁၁ ရက်အထိ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၀ တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ညနေ ၃ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ခရိုင်အား/ကာဦးစီးမှူး ဒေါ်ထက်ထက်ဝင့်၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်