ရွှေစာရံဘုရားပွဲတော်ကာလအတွင်းမီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ သမိုင်းဝင်ရွှေစာရံဘုရား၊ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ ယနေ့နံနက်ပိုင်းက သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရွှေစာရံဘုရားနှင့် ဈေးတန်းများအား မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။