စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်း တွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ တောင်သူ ဒေါ်နော်ဆဲလား စိုက် ပျိုးထားရှိသည့် အောင်နိင်တိုး စပါးမျိုး ၁ ဧကအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩ ဇာရောနှောသုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။