အုတ်တွင်းမြို့နယ်၊ သရက်ကုန်းကျေးရွာဧက (၁၀၀)နှင့် မြောက်ထန်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်းဘေးဝဲယာတစ်လျှောက်တွင် မိုးရာသီ သီးပင်၊ စားပင်များ စိုက်ပျိုးခြင်းအခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ မိုးရာသီ သီးပင်၊ စားပင်များအားစိုက်ပျိုးခြင်းကိုယနေ့ မွန်းလွဲပိုင်းက သရက်ကုန်းကျေးရွာ ဧက (၁၀၀) ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်းနှင့် မြောက်ထန်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်း(၂) လမ်းဘေးဝဲ၊ ယာတစ်လျှောက်တွင် စိုက်ပျိုးခဲ့သည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် “အမှားကြာလျှင်အမှန်ထင်ပြန်ပြင်မရ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် “အမှားကြာလျှင်အမှန်ထင်ပြန်ပြင်မရလူ့လောက” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့ သန့်ရှင်းသောမြို့ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက် နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို  ကြည့်ရှုအားပေးသည်။

ကလေးမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကလေးမြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မူဆယ်မဂ္ဂဇင်း (အထူးထုတ်) စာအုပ်မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မူဆယ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စာရေးဆရာများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့သော ၂၀၂၅ ခုနှစ်၊ မူဆယ်မဂ္ဂဇင်း (အထူးထုတ်) စာအုပ် မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ(၂)တွင် ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ​စောရန်ပိုင်တောင်​​ရပ်ကွက်ရှိ ငုဝါလမ်း၊စျေးလမ်းနှင့် ရဲလိုင်းခန်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။
Subscribe to