နေပြည်တော် ဖေဖော်ဝါရီ ၁၇
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂)ကွင်းအတွင်းရှိ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)(၁၀)ဧက ဖြစ်ထွန်းနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂)ကွင်း၊ နွေစပါး(၁၀)ဧက စိုက်ပျိုးခြင်း၊ ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂)ကွင်းအတွင်း နေကြာ(၁၀)ဧကအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် ချိုင်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၁)ကွင်းအတွင်း ဧက(၅၀)နေကြာ စိုက်ခင်းဖြစ်ထွန်းနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများအား စပါးနှင့် ဆောင်းသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး မြေပြုပြင်ခြင်းလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ ကောင်းမွန်အောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ ရွှေနှင်းဆီလမ်း၊ ခတ္တိယလမ်းနှင့် ရွှေသဇင်လမ်း ဘေးဝဲ/ယာတစ်လျှောက်ရှိ သစ်ပင်၊ ချုံနွယ်၊ မြက်ပင်အမှိုက်များ ဖယ်ရှားရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေး၊ ရေစီး၊ ရေလာကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)