တာလေမြို့၌ မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားလူမျိုးများ ၏စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ဆိုလာအင်ဗာတာလျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး  မီးလောင်မှုဖြစ်ပွား

‎မန္တလေးတိုင်းဒေသကြီး၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၄၂×၄၃ လမ်းကြား (၃၂x၅၀)ပေရှိ RC(၃)ထပ် ဆိုလာ အင်ဗာတာလျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး (ရွှေရည် Fruit Brand) နေကာလိပ်၊ မိုးကာ၊ ဇာပြာ၊ စိုက်ပျိုးရေးပိုက်မဲနှင့်ပိုက်ဆက်ပစ္စည်း၊ ကြက်ခြံသုံးပစ္စည်းများနှင့် ရောင်းဝယ်ရေး အဆောက်အဦအား ယနေ့နံနက် ၅ နာရီ ၂၀ အချိန်က မီးလောင်းမှု ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ခဲ့ကြသည်။

မောက်မယ်မြို့နယ်၌ ရာသီစာ ဖေါ့ဖူး(ဖေါ့ပွင့်) ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သောတောင်ပေါ်ဒေသဖြစ်ခြင်း၊ ချောင်းရေ၊ စိမ့်စမ်းရေများပေါများခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းများရိတ်သိမ်းပြီးနောက် ယခုအခါ ဆောင်းမှနွေရာသီကာလအကူးအချိန်တွင် အလုပ်အကိုင်များရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေရရှိစေရန် စိမ့်စမ်းရေထွက်တလျောက်နှင့် ချောင်းဘေးပတ်ဝန်းကျင်တလျောက်များတွင် သဘာဝအတိုင်းပေါက်ရောက်သည့် ရာသီစာဖေါ့ဖူး(ဖေါ့ပွင့်)များ လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ မီးသတ်စခန်းစစ်ဆေးခြင်းနှင့် မီးသတ်ရေလှောင်ကန်အသစ် တည်ဆောက်နေမှုများအား လိုက်လံစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့‌ပေါ်ရပ်ကွက်များဖြစ်သည့် သင်းပန်းကုန်းရပ်ကွက်၌ ပြည်ကြီးတံခွန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 Report application ကို ပြည်သူများအသုံးပြုရေး ကွင်းဆင်းထည့်သွင်းပေးခြင်းများကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းမှ ယမန်နေ့ နံနက် ၉ နာရီအချိန်က လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ဒေသဖွံ့ဖြိုးရေးများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကလောခရိုင် ဟဲဟိုး၊ အောင်ပန်း၊ ညောင်ရွှေဒေသအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်၌ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့်     ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များထွက်ပေါ်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့်နည်းပညာများပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့်စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာနိုင်စေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် ဘက်စုံသုံးခန်းမ၌ကျင်းပသည်။

ပူတာအိုခရိုင်၌ Auto Cad နှင့် Estimate ရေးဆွဲနည်း သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ အခြေခံအဆောက်အဦလုပ်ငန်းများဖြစ်သော ရေပေးရေး၊ လမ်းတံတားများဒီဇိုင်းရေးဆွဲခြင်း၊ Estimate တွက်ချက်တတ်စေရန်နှင့် ဝန်ထမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် Auto Cad နှင့် Estimate ရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် ရေသွင်းငရုပ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင်ရေသွင်းငရုပ်စိုက်ခင်းများ ကိုကိုင်းမြေနှင့်ကုန်းမြေတို့တွင် စိုက်ပျိုး ဆောင်ရွက်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ ဈေးရရှိကြောင်းသိရသည်။
Subscribe to